blueskynnotes

+ 0 - မောင် အက်ထရာ့စ် .နဲ့ Famil Flight

In Uncategorized on February 2, 2011 at 04:29

----- လိုင်စင် က လဲ ချက်ချင်း တင် ပြီး ချက် ချင်း ရ တာ မ ဟုတ်ပါ ဘူး၊ ၇ ရက် လောက် စောင့် ရ ပါ တယ်၊ လိုင်စင် ရ ပြီး လာ ယူ တော့ လို့ လဲ ပြောရော ပူထရာ ဂျာရား ကို နောက် တစ် ခေါက် ထပ် ပြေး ရပါ သေး တယ်။ လိုင်စင် ထုပ် ပြီး ပြန်လာ တော့ အချိန် က လဲ နဲနဲ ရ သေး တာ နဲ့ ည ၉ နာရီ ၁၀ နာရီ ကား နဲ့ ပဲ ပြန် ဖို့ ဆုံး ဖြတ် လိုက်ပါ တယ်၊ မနက် ဝေလီ ဝေလင်း ဂျဟိုး ပြန် ရောက် မယ် ပေါ့။ ဒါနဲ့ ပဲ ဘူကစ်ဘင်တန်း နားက က ကျွန် တော် တည်းခို နေ တဲ့   အာလောစထရိ  ဟိုတယ် ကို ပြန်လာခဲ့ ပါ တယ်။ အဲဒိ ဟော် တယ် က  ဂျလန် အာလော ဆို တဲ့ လမ်းမှာ ပါ ၊ ဘူကစ်ဘင်တန်း နဲ့ ဂျလန်အာလော နား တ၀ိုက် က တစ်ညလုံး စည်ပါ တယ်၊ အားလုံး လို လို ဟာ မိုး လင်း ပေါက် ဆိုင် တွေချည်း ပါ ဘဲ၊ ဟိုကြည့် ဒီကြည့် ဟိုသွား ဒီ သွား လဲ လုပ် လို့ ကောင်းပါ တယ်၊ လုံ ခြုံ ရေး လဲ စိတ်ချ ရပါ တယ်။ ကျွန်တော် ကေအယ်လ် သွား တိုင်း လိုလို အဲ ဒီ မှာဘဲ တည်း တာ များ ပါ တယ်။ အဲဒီ မှာပဲ ထမင်း လေး ဘာ လေး စား ၊ ပြီး တော့ လမ်း ဘေးမှာ ပြ နေ တဲ့ ရွှေလူသား တို့ ငွေ လူ သား တို့ မြွေ လူသား တို့ ကြည့်၊ နောက်ပြီး အာ ဖရိက ရိုးရာ လေမှုတ် ဒူရိယာ အရှည်ကြီး တွေ ရယ် အာဖရိက ဗုံ တွေ ရယ် ပေါင်း ပြီး တီး တဲ့ အဖွဲ့ လဲရှိ တယ် ၊ တော်တော် လေး နား ထောင် လို့ ကောင်း ပါ တယ်၊ အဲဒီ မောင် တွေ တီး တာ လဲ သွား နား ထောင် ပါ တယ်။

                                   ဘူကစ်ဘင်တန်း  က ရွှေလူ သား နဲ့ ငွေ လူသား

-----     နောက်ဆုံး ကြတော့ မှ  ဘီဘီ ပလာဇာ တို့ လောယက်ပလာဇာ တို့ နား က ကော်ဖီ ဆိုင်မှာ ထိုင်ပါ တယ်။ အဲဒီ နား မှာလဲ တီးဝိုင်း တစ်ခု တီး နေ တာရှိပါ တယ်။ တော် တော် နား ထောင် လို့ ကောင်းပါ တယ်၊ အင်္ဂလိပ် သီးချင်း တွေတီးတာ များပါ တယ်၊ လူဖြူ တွေ လဲ တော် တော် များများ လာ ကြ တဲ့ နေ ရာတခုပါ ။ အားလုံး ကြည့်လို့ ၀ပြီ ဆိုမှ  ပူဒူး ရာ ယား ဆိုတဲ့ နေရာ မှာ ဘစ်ကား သွား စီး ပါတယ်၊ ကားဂိတ် ရောက် တော့ ၁၁ နာရီ လောက် ရှိပါ ပြီ။ ကားခ ၃၁ ကျပ် ပေးပြီး တက် ထိုင် ရုံပါ ဘဲ ၊ ကား က လဲ ကား ပေါ် တက် ထိုင် ပြီး အနည်း ဆုံး နာရီ ၀က် တစ်နာ ရီ လောက် မှ ထွက် ပါ တယ် ။ နောက်ပြီး ကျွန် တော် တို့ နေ တဲ့ စီနိုင်း  ဆို တဲ့ လေ ယာဉ် ကွင်း ရှိတဲ့ မြို့ ကို ကား က တိုက်ရိုက် မရောက် ပါဘူး၊ ကား က ဂျဟိုးဘာ ရူး မြို့ ထဲ ကို သာ သွား တာပါ၊ ဒီတော့ အနီး ဆုံး ဖြစ်တဲ့  စကူဒိုင်း  ဆိုတဲ့ ကား ဂိတ်မြို့ လေး မှာ ဆင်း ရ ပါ တယ်။ ဒီမှာ ပြသနာ က ဘာလဲ ဆို တော့ အိပ် ပျော် ပြီး ဂျဟိုး အ ထိ မပါ သွား ဘို့ပါ။ ကေ အယ်လ် အသွား ဆို လို့ ကတော့ ကောင်း ကောင်း အိပ် လိုက် သွား လို့ ရ ပါ တယ်။ ဂိတ်ဆုံး လို့ ကား ရပ် ရင် သူ ဖာသာသူ နိုး သွား ရော ၊ စိတ်ချ လက်ချ အိပ် လိုက် သွား လို့ ရ တယ်။ ဒါ ပေ မဲ့ အ ပြန် ခရီး ကြ တော့ အဲဒီ  စကူ ဒိုင်း  ဆင်း ရမှာ ဆို တာ နဲ့ အိပ်ချင်တဲ့ စိတ် ရယ် ၊အိပ် ပျော် သွား လို့ မရ ဘူး ဆိုတဲ့ စိတ် ရယ် ၂ ခုပေါင်းပြီး အိပ် လို့ မရ တော့ ပါ ဘူး။ ဒီလို နဲ့ ပဲ ဝေလီ ဝေလင်း မနက် ၄ နာရီ လောက်မှာ စကူဒိုင်း ရောက် ၊ ၁၅ ကျပ် ပေးပြီး တက္ကစီ ဆက် စီး ၊ အိမ် ကို နောက် ထပ် ၁၅ မိနစ် လောက် မှာ ရောက်၊ ၇ နာရီ ခွဲ လောက် ရုံး အရောက် ပြန် သွား ရ မှာ မို့ တယ်လီ ဖုံး အလမ်းမ်  ကို ၆ ခွဲ လောက် ပေး ပြီး တခါ တည်း ၀င် အိပ် လိုက် ပါ တော့ တယ်။
-----    အိပ် ရေးမ၀ တ၀ နဲ့ ၇ နာရီခွဲ လောက် ကျောင်း ရှေ့ ရောက် တော့ ကဒက် ပိုင်း လော့ လို့ ခေါ်တဲ့ ကျောင်းသား မောင် အက်ထရာ့စ် က စောင့် နေ ပါ တယ်။ ဒီမောင် ကတော့ ကျွန် တော် သင်ပေး ရ မယ့် ကျောင်းသား ၁၀ ယောက် ထဲ က တစ် ယောက် ပါပဲ။ ကျွန် တော် အကြမ်းဖျင်း အား လုံး ကို လေ့ လာပြီး သားပါ။ ဒီ မောင်က စာ လဲ တော် ပါ တယ် ။ သင်ခန်းစာ ပို့ ချ ချိန် တွေ မှာ လဲ တက်ကြွပါ တယ်။
          " ကပ္ပတိန် ၈ နာရီမှာ ကျွန်တော် နဲ့ စ တက် ရ မယ်၊ ဖါမ်မေးလ်  ဖလိုက်ပါ  "
          " အေး တက် တာ ပေါ့ ကွာ"
    တကယ် တော့ ကျွန် တော် သေသေ ချာချာ မပြင်ဆင် ရ သေး ပါဘူး၊ ရာသီဥ တု ကလဲ မဆိုး တာ မို့ တက် လိုက် ပါ တယ်၊ အိပ်ရေး သိပ် မ ၀ တာ ပဲ ရှိပါ တယ်၊ ဖါမ် မေးလ် ဖလိုက် ဆို တာ က တော့ ပိုင်း လော့ ဘ၀ရဲ့ ပထမ ဆုံး သော ဖလိုက် ပါ၊ ဘာမှ ထွေထွေ ထူးထူး သင်စရာ မလို သေးပါ ဘူး။ သက်တောင့် သက်သာနဲ့ လေယဉ် လိုက် စီး ခိုင်း လိုက် တာပါ ပဲ၊ လေယဉ် ထဲ က ဟာ လေး တွေ နဲနဲ ရှင်းပြ ၊ အပြင်က ဟာလေး တွေ ကြည့်ခိုင်း ၊ ဟိုဟာတွေ့ လား ဒီဟာ မြင်လား ဒီဟာ လေး စမ်း လုပ် ကြည့် စမ်း ပါ ဘာ ညာ လေး တက် လုပ်ရ တာပါ။  ပထမ ဆုံး လေထဲ တက် တာဖြစ် လို့ အချို့ မောင် တွေ က အန် တတ်ကြ ပါ တယ်။ အန် ရင် သုံး ဖို့ ကျွတ်ကျွတ် အိပ် လဲ ၂ အိတ် ၃ အိတ် လောက် ယူ ခဲ့ ခိုင်း လိုက်ပါ တယ်၊ ဒါပေမဲ့ လေယာဉ် ပေါ် ရောက် တော့ မြေပြင် အဖွဲ့ တွေ က ကြိုပြင် ပေး ထား တဲ့ Air Sickness Bag ဆို တဲ့ အိတ် လေး တွေ က ရှိနှင့် နေပါ တယ်။( နဲနဲ ရှည် သွား တယ် ၂ ပိုင်း ခွဲ လိုက် ဦး မှ ပါ )


Tags : မောင်

+ 0 - လိုင်စင် ကွန်ဗါ့တ် လုပ် ခြင်း

In Uncategorized on February 2, 2011 at 04:28

                                                           ကပ္ပတိန် ရာ ဇီ

             ဒီတခါ တော့ ကျွန် တော့် လိုင်စင် ကို ကွန် ဗါ့ တ် လုပ် တာ ပြော ပါ့ မယ်၊ ကျွန် တော် လက်ရှိ ကိုင် ထား တဲ့ လိုင်စင် က Myanmar DCA ရဲ့  CPL/IR ပါ ၊ အဲ ဒီ အ ထဲ မှာ နည်း ပြ ဆရာ Endorse လဲ ပါ ပါ တယ် ၊ အဲဒါ  နဲ့ မလေးရှား မှာ မောင်း လို့ မ ရ သေး ပါ ဘူး ၊ မြန် မာ ပြည် မှတ် ပုံတင် လေ ယာဉ်  XY Registration  ကို ဘဲ မောင်း လို့ ရ ပါ တယ်၊ မလေး ရှား က   9M Registration  လေယာဉ် ကို မောင်း လို့ မရ သေးပါ ဘူး၊ အဲဒီလို နိုင်ငံ မတူ တဲ့ လေ ယာဉ် ကို မောင်း မယ် ဆို ရင် လုပ်နည်း ၂ နည်း ရှိပါ တယ်။
     ပထမ နည်းက တော့ အမျိုး အစား တူ တဲ့ လေယာဉ် ရဲ့ Endorse ပါလာ ရင် လိုင်စင် အသစ် ထုတ် ယူ ဘို့ မလို ပါ ဘူး၊ မလေးရှား DCA က စစ် စရာ ရှိတာ စစ် ပြီး လေကြောင်း ဥပဒေ တစ် ဘာသာ ဖြေ ပြီး ရင် Validation Letter ဆိုတာ ထုပ် ပေး ပါ တယ်၊ အဲဒီ စာ နဲ့ မိမိ ကိုယ် ပိုင် လိုင် စင် နဲ့ မောင်း လို့ ရ ပါ ပြီ။ ဆေးစစ် တာ အပါ အ၀င် တခြား သက်တမ်း တိုး စရာ ကိစ္စ အား လုံး မြန်မာ လေကြောင်း ဦး စီး နဲ့ ပဲ ဆက် သွယ် ပြီး လိုင်စင် ကို သက် တမ်း ဆက် ထား ရ ပါ တယ်။
       ဒုတိယ နည်း ကတော့ မိမိ လိုင်စင် ထဲ မှာ မောင်းရ မယ့် လေ ယာဉ် အတွက် Endorse မလုပ် ထားပါ က၊ လိုင်စင် ပြောင်း ကိုင် တာ လုပ် ကို လုပ် ရ မှာ ပါ။ သက်ဆိုင် ရာ နိုင်ငံ ရဲ့ လိုင်စင် ရပြီ ဆို မှ အဲဒီ ထဲ မှာ လိုအပ် တဲ့ လေယာဉ် တို့ နည်းပြ အဆင့် တို့ထဲ့ လို့ ရမှာ ပါ။
      ကျွန် တော် က တော့ ဒုတိ ယ နည်း လုပ် ခဲ့ ရ ပါ တယ်။ လိုင်စင် ကွန်ဗါ့တ် နည်း ပေါ့။ ပထမ ဆုံး မြန် မာ လိုင် စင် ကို မလေး DCA ကို တင်ပြရ ပါ တယ်။ သူတို့ က ခွင့် ပြု ပြီ ဆို တော့ မှ သူတို့ ဆီ က သတ်မှတ် လေကြောင်း ဆရာ ၀န် ဆီ မှာ ဆေး စစ်။ ပြီး တော့ မလေး DCA မှာ စာမေး ပွဲ သွား ဖြေ ။ ဖြေရ တဲ့ ဘာ သာ တွေ က တော့ လေကြောင်း ဥ ပ ဒေ ရယ် လေကြောင်း ဆေးပညာ ရယ် ပါ ။ ပြီး တော့ UK CAA ထဲ က တစ် ဘာ သာ ဖြေ ရ ပါ တယ်၊ ဟိုး အင်္ဂလန် က CAA ဆီ ကို ငွေ လှမ်း သွင်း ၊ ပေါင်စတာ လင် ၇၀ တောင် ပေး ရ ပါ တယ် ၊ ပြီး တော့ မှ မလေး DCA က စာစစ် ဌာန အဖြစ် လုပ် တဲ့ UK CAA စာ မေးပွဲ ကို ၀င် ဖြေ ခဲ့ ပါ တယ်။
      နောက် တစ်ခု က တော့ လေကြောင်း အင်္ဂလိပ် စာ စာ မေး ပွဲ ပါ ၊ အဲဒါ က လဲ ရန်ကုန် မှာ ဖြေခဲ့ ပြီး သားပါ၊ ဒါပေမဲ့ မလေး လိုင်စင် အ တွက် မလေး DCA က အသိအမှတ် ပြု တဲ့ စာစစ် ဌာန မှာ ထပ် ဖြေ ရမယ် ဆိုသဖြင့် ထပ် ဖြေ လိုက် ရပါ တယ် ၊ အဲဒီ မှာ လဲ မလေး DCA က ကိုယ် တိုင် မစစ် ပါ ဘူး ၊ လေကြောင်း အင်္ဂလိပ် စာ စစ် ဆေး ပိုင် ခွင့် Certificate လို ချင် တဲ့ ကျောင်း ဒါမှ မ ဟုတ် အဖွဲ့ အ စီး တွေ ကို UK CAA လက်မှတ် ရ အောင် သာ လုပ် ခိုင်း လိုက် ပါ တယ် ၊ ပြီး တော့ UK CAA အသိအ မှတ် ပြု စာ စစ် ဌာ န အာ လုံး ကို မလေး DCA ကလဲ အ သိ အမှတ် ပြု လိုက် ပါ တယ်။ အဲ ဒီ တော့ မလေး နိုင်ငံ ထဲ မှာ ဖြေချင် ရင် တက္ကသိုလ် ကြီး ၂ ခု ကြိုက် တဲ့ တစ်ခု မှာ ဖြေလို့ ရ ပါ တယ်၊ ဒါမှ မ ဟုတ် အခြား ရွေး ချင် တယ် ဆို လဲ UK CAA Approved ကြိုက် တဲ့ တစ်ခု ခု မှာ ဖြေခွင့် ရှိ ပါ တယ်၊ အွန် လိုင်း မှာရှာ ပြီး အွန် လိုင်း မှာ ဖြေ လဲ ရ ပါ တယ်။ ကျွန် တော် က တော့ အ လွယ် ဆုံး လို့ လူ ပြော များ နေ တဲ့  မလေးရှား က UPM ဆို တဲ့ တက္ကသိုလ် ကြီးမှာ ပဲ သွား ဖြေ လိုက် ပါ တယ်။ Level 4 ရ ခဲ့ ပါ တယ်။ သက်တမ်း က လဲ ၂၀၁၃ လောက် မှ ကုန်မှာ ပါ။
  
  နောက် တခု က တော့ ပျံ သန်း ရေး ပိုင်း ပါ။ အဲ ဒီ မှာ လည်း ကျွန် တော့ အတွက် လုပ် စရာ က ၂ ခု ရှိ နေပြန် ပါ တယ်၊ ပထမ တခု က တော့ သူတို့ ကျောင်း မှာ သုံး တဲ့ ပိုက်ပါ လေ ယဉ် ကို Endorse လုပ် ဖို့ ပါ ၊ ဒုတိယ အနေ နဲ့ ကတော့ ကျွန် တော့် လိုင်စင် ထဲမှာ ပါ တဲ့ နည်းပြ ဆရာ ဆို တဲ့ Endorse ကို မလေး လိုင် စင် ထဲ ထည့် ဖို့ပါ။ ဒီကိစ္စ တွေ အတွက် ကို တော့ ကျောင်း က ကပ္ပတိန် ရာဇီ ဆို တဲ့  ပုဂ္ဂိုလ် ကြီး နဲ့ ပဲ ၂ ပါး သွား ကြ ရပါ တယ်။ လေယာဉ် က တော့ ကျောင်း က စရိတ် ခံ ပြီး ၆ နာ ရီ ပေး ပါ တယ်။ အဲဒီ ကပ္ပတိန် ရာဇီ ဟာ ကျွန် တော် နဲ့ တွေ့ ချိန် မှာ အသက် က ၆၀ ကျော် နေပါ ပြီ ၊ ဒါ ပေမဲ့ လဲ အား ကောင်း မောင်း သန် နဲ့ တော် တော် လေး လုပ် နိုင် ကိုင် နိုင် သေး တာ တွေ့ ရ ပါ တယ်။ ကျွန် တော့် ကို DCA Check သွင်း ဖို့ အတော် လေး အား ထည့်  ပြီး သင် ပေး ပါ တယ်။ ပြောဆို ဟန်ပန်တို့ ၊ Class Room ထဲ ၀င်တာ နဲ့ ကျောင်းသား ရဲ့ အင်ပရက်ရှင်း ကို ဘယ် လို ယူ တို့၊ မေးခွန်း ကို ဘယ် လို မေး တို့၊ သင်ပုန်း ကို ဘယ် လို သုံး ၊ အရောင် တွေ ကို ဘယ်လို သုံး၊ ကျောင်းသား ဘက် ကို တောက် လျောက် ကျော  မပေး ထား နဲ့ တို့၊ ( Training Aids)  လို လေ့ ကျင့် အထောက် အကူ ပစ္စည်း ကို သုံး ပေး ဖို့ တို့၊ အစုံ ပါ ပဲ။

        အား လုံး လဲ ပြီး ရော DCA Check အတွက် ရယ် ဒီ ဖြစ် ပြီ ဆို ပြီး DCA Examiner ဖြစ် တဲ့ မလေး DCA က ကပ္ပတိန် အာဘာ့စ် ဆိုတဲ့ ပုဂ္ဂိုလ် ကို  လှမ်း ခေါ် ပါ တော့ တယ်၊ တကယ် တော့ အခု မှ လှမ်း ခေါ် တာ မဟုတ် ပါဘူး လွန်ခဲ့ တဲ့ တစ် ပါတ် လောက် က တည်း က ဒီနေ့ ဒီရက် မှာ လာ စစ် ဖို့ ပြော ထား ပြီး သားပါ။ ဒီမှာ လဲ ဒီ ကပ္ပတိန် ၂ ယောက် ရဲ့ အကြောင်း ကို နဲနဲ ပြော ပြ လို ပါ တယ်၊ ရာဇီ ဆို တဲ့ လူ က စီနီယာ ကြီး ပါ၊ AE လို့ ခေါ်တဲ့ ပျံ သန်း စစ် ဆေး ရေး အရာ ရှိ လုပ် နေ တာ ကို တော် တော် ကြာ နေပါ ပြီ၊ အာဘာ့စ် ဆို တဲ့ လူ ကတော့ လူ လတ် ပိုင်း ပဲ ရှိပါ သေး တယ် ၊ ဒါ ပေမဲ့ DCA ရဲ့ မူ အ ရ လူသစ် တစ် ယောက် အတွက် ပထမ ဦး ဆုံး စစ် ဆေး မှု ကို DCA က ဒုညွန်ကြား ရေး မှူး အဆင့် ရှိ တဲ့ AE ကသာ စစ် ခွင့် ရှိပါ တယ်။ အဓိပါယ် က တော့ အစိုး ရ အရာ ထမ်း ကို ပဲ အဲ ဒီ Initial Check တွေ ကို စစ် ခွင့် ပေး ထား တဲ့ သဘောပါ။
        အဲဒီ မှာ ကပ္ပတိန် အာဘာ့စ် ဆို တဲ့ လူ ကသူတို့  ပူထရာဂျာရား မှာ အစည်း အဝေး တွေ များ နေ လို့ ဆိုပြီး မ လာ နိုင်ပါ ဘူး ၊ ရာဇီ ကြီး ကို ဘဲ သူ့ ကိုယ်စား စစ် ဆေး ပေး ပါ ဆို ပြီး လှမ်း ပြီး ခွင့် ပြု မိန့် ပေး လိုက် ပါ တယ်၊ ရာဇီ ကြီး က လဲ အို ကေ ကြိုက် တယ် ဆို ပြီး ကျွန် တော် ကို ခေါ်ပါ တယ် ၊ ပြီး တော့ ..
        " အာဘာ့စ် က မအား ဘူး ကွ .....ငါ့ ကိုယ် ဘဲ စစ် ခိုင်း လိုက် တယ် ... ဒီ တော့ .....မင်း နဲ့ ငါ နဲ့ နောက် ဆုံး တက် ထား တဲ့ အ ခေါက် သိတယ် မဟုတ် လား .. အေး အဲ ဒီ အခေါက် ကို ပဲ Check အဖြစ် သတ် မှတ် လိုက် ကွာ .... ဖေါင် တွေ ဖြည့် လိုက် ....ပြီးရင် လက်မှတ် ထိုး ပေး မယ် ....ပြီး ရင် ဒီ နေ့ ပဲ ပူထရာ ဂျာ ယား ကို သွား ပြီး တင် ပေ တော့ "
    
        ဆိုလာသဖြင့် ကျွန် တော် လည်း ပူ ထရာ ဂျာ ရား ကို ချက် ချင်း သွား တင် လိုက် ပါ တော့ တယ်။ ကျွန် တော် တို့ ဂျဟိုး ဘာ ရူး က နေ ကွာလာလမ်ပူ ကို   ၄ နာရီ လောက် ကား စီး ရ ပါ တယ်၊ ဂျဟိုး ဘာရူး ဆို တာ က တော့ မလေးရှားရဲ့ တောင်ဖက် အစွန် ဆုံး မြို့ ပါ၊ စင်ကာပူ နဲ့ က တံတား တစ် စင်း စာ ပဲ ဝေး ပါ တယ်။ ကွာလာ လမ်ပူ က နေ ပူထရာ ဂျာ ရား ကို တော့  KL Transit ဆို တဲ့ ရ ထား စီး သွား ရပါ တယ်။ ဒီလို နဲ့ ပဲ    မ လေး CPL လိုင်စင် လေး ရ ခဲ့ ပါ တယ်။


Tags : လိုင်စင် - ကွန်ဗါ့တ်

+ 0 - လိုင် စင် တွေ အ ကြောင်း ၃

In Uncategorized on February 2, 2011 at 04:27

-- လိုင်စင် ကွန်ဗါ့ လုပ် တဲ့ အ ကြောင်း က စ ပြော မ လို့ ပါ ပဲ ၊ ဒါ ပေမဲ့ ဒီဟာ မျိုး က လဲ ဒီ အ လုပ် မျိုး လုပ် တဲ့ လူ ပဲ အကျွမ်း တ ၀င် ဖြစ် တာ မို့ လို့ နား လည် အောင် ပြော ဖို့ ဆို ရင် ဒီ ဟာ နဲ့ ပတ် သက် တဲ့ အ ခြေခံ ဗဟု သု တ လေး တွေ ကို ရေး နေ တာ ပါ ၊  ဒီ တ ခါ တော့ မြေ ပြင် စာ မေး ပွဲ တွေ အ ကြောင်း နဲနဲ ပြော ပြ ပါ့ မယ်။ GS လို့ လဲ ခေါ်ပါ တယ် ၊ Ground School ပေါ့ ၊ I C A O က သတ် မှတ် ချက် က တော့ တ ပြေး ညီ ပါ ဘဲ ၊ PPL ဆို ရင် ဘာ တွေ အောင် ရမယ် ၊ CPL /IR ဆိုရင် ဘာ တွေ အောင်ရ မယ်၊ ATPL ဆို ရင် ဘာ တွေ အောင် ပြီး ဖြစ် ရ မယ် စ သည် ဖြင့် ပေါ့။ ဒါ ပေမဲ့ နိုင်ငံ အသီး သီး အ လိုက် လုပ် နည်း လုပ် ဟန် လေး တွေ တော့ နဲနဲ စီ ကွဲ ပါ တယ်။ ပထမ ဆုံး စ ပြော ရ ရင် တော့ အမေရိကား ပေါ့ ၊ ကျွန် တော် တို့ ရဲ့ လေကြောင်းဦးစီး ဌာန....     DCA .. လို ဟာ မျိုး ကို သူ တို့ က တော့ FAA ခေါ် ပါ တယ် ၊ Federal Aviation Administration .. ပေါ့ .. ပြည် ထောင်စု လေ ကြောင်း အုပ် ချုပ် ရေး ပေါ့ ၊  ဒါ ကြောင့် FAA ကထုပ် ပေး တဲ့ လိုင်စင် များ သည် FAA အောက် မှာ မှတ်ပုံ တင် ထား တဲ့ လေ ယဉ် များ မောင်း လို့ ရ ပါ တယ် ၊အဲ ဒီ လေ ယဉ် တွေ ရဲ့ နံပါတ် တွေ ယာ .. N ..နဲ့ စပါ တယ် ၊ အမေရိကန် မှတ် ပုံ တင် ထား တဲ့ လေ ယဉ် များ ကို  November Registration Aircraft .. လို့ လဲ ခေါ် ပါ တယ် ။ ဒါက အမေရိကား အတွက်ပါ၊ ဒါပေမဲ့ ..တချို့ နိုင်ငံ များ ရဲ့ လေကြောင်း ဦးစီး ဌာ န တွေဟာ ..ATPL လိုင်စင် အတွက် စာ မေးပွဲ ကို ကိုယ် တိုင် မစစ်ပါ ဘူး၊ FAA Standard လုပ် မယ် ဟေ့ ဆိုပြီး FAA ATPL စာ မေး ပွဲကို သာ ဖြေ ဆို စေ ပါ တယ်၊ အောင် ရင် လိုင် စင် ထုပ် ပေး လို့ ရ ပါ တယ်၊ အကျိုး ကျေး ဇူး က တော့ ဈေးကွက် သဘောအ ရ Vision ကိုမြင့် စေ ပါ တယ် ၊ နောက်ပြီး စတန်းဒတ် တခု ကို လဲ ထိမ်း ပြီး သား ဖြစ်မယ် ၊မှတ် ပုံတင် နိုင်ငံ မတူ တဲ့ လေ ယဉ် ကို မောင်း မယ်.. အဲဒီ နိုင်ငံ က လဲ FAA သုံး တဲ့ နိုင် ငံ ဖြစ် မယ် ဆို ရင် လိုင်စင်  လဲ လှယ် ကိုင် ဆောင် ဘို့ အ တွက် ဘာသာ ရပ် အား လုံး ပြန် ဖြေစရာ မ လို တော့ ပါ ဘူး၊ Air Law လို့ ခေါ် တဲ့ လေ ကြောင်း ဥ ပ ဒေ တစ်ဘာ သာ ဖြေ ရင် ပြီး ပါ တယ်၊ ကျန် တာ တွေ က အား လုံး အောင် ပြီး သား လေ။
-- နောက် တစ်ခု က CAA ပါ ၊ ယူကေ နိုင်ငံ က တော့ လေ ကြောင်း ဦး စီး လို ဌာ န မျိုး ကို CAA လို့ ခေါ် ပါ တယ်၊ Civil Aviation Administration ပေါ့ ၊ မြိုပြ လေ ကြောင်း အုပ်ချုပ် ရေး ဌာ န ပေါ့ ။ သူ က တော့ လေ ကြောင်း လော က ရဲ့ စာ မေးပွဲ လော က မှာ အစွာဆုံး ပါ ဘဲ..UK CAA ကို လက်ခံ အသုံး ပြု တဲ့ နိုင်ငံ က တော့ ကမ္ဘာ မှာ အများ ဆုံး ပါ ပဲ၊ တချိန် တုံး က ကို လို နီ နယ် တွေ အများ ကြီး ပိုင်ခဲ့ တာ လဲ ပါ တာပေါ့၊ လက်ရှိ ကို .. ဗြိတိသျှ ဓန သဟာယ အဖွဲ့ ၀င် နိုင်ငံ တွေ အများ ကြီး ရှိ နေ သေး တာ လဲ ပါ တာ ပေါ့၊ အရေး အကြီး ဆုံး အချက် က စာ မေးပွဲ စစ် ခြင်း နဲ့ စတန်းဒါတ် တစ်ခု ကို သေ သေ ချာ ချာ ထိမ်း ထား ပေး နိုင် ခြင်း ဆို တဲ့ အချက် ကြောင့် ပါ ပဲ။ ဒါ ကြောင့် မလေးရှား ကော စင်ကာပူ ကော UKCAA သုံး ပါ တယ်၊ တချိန် တုန်း က မြန် မာ လဲ UKCAA သုံး ခဲ့ ဘူး ပါ တယ်။
-- အခု မလေး ရှား  လိုင် စင် အတွက် စာ မေး ပွဲ အဆင့် ဆင့် ကို ဆက် ပြော ပါ့ မယ် - - -
၁)ပထမ ဦး ဆုံး SPL အတွက် .. ဘာ စာ မေး ပွဲ မှ မလို ပါ ၊ ဆေး အောင် ရ မယ် (Medi Cat 2) ၊လုံခြုံ ရေး က လီး ယား ဖြစ်ရ မယ်။
၂) ဒုတိယ PPL အတွက် ကျောင်းစစ် PPL စာ မေးပွဲ ၆ ဘာ သာ အောင် ရ မယ်  DCA Test  ၆ ဘာ သာ အောင် ရ မယ် ( DCAT .. ဒီကက် လို့ ခေါ် ပါ တယ် ) ။
၃)တတိယ အ နေ နဲ့ CPL အတွက်.ကျောင်းစစ် ၆ ဘာ သာ အောင် ရ မယ်  UK CAA က ၂ ဘာ သာ အောင် ရ မယ်။
၎) နောက် ဆုံး Frozen ATPL အ တွက် ကျောင်း စစ် ၆ ဘာ သာ အောင် ရ မယ် UK CAA ၆ ဘာ သာ အောင် ရ ပါ မယ်။

လိုင်စင် ရ ယူ ဖို့ အ တွက် က တော့ ပထမ ပြော ခဲ့ တဲ့ ပျံ သန်း ရေး ကိစ္စ တွေ နဲ့ အခု ပြော တဲ့ G S တွေ ကို ပေါင်း လိုက် ရ မှာ ဖြစ်ပါ တယ်။


Tags : လိုင်

+ 0 - လိုင် စင် တွေ အကြောင်း ၂ .....

In Uncategorized on February 2, 2011 at 04:22

-- အဲ . PPL ရ ပြီ ဆို ရင် တော့ .. Option လေး က ၃ ခု ရှိ လာ ပြီ.. PPL နဲ့ ပဲ ရပ် ထား အုံး မလား .... CPL  ကို ဆက် တက် မလား ... ဒါမှမဟုတ် .. CPL / IR ကို ဆက် တက် မှာ လား ..။ အဲ ဒီ မှာ လဲ တချို့ က ငွေ ကြေး အ ခြေ အနေ အရ PPL မှာ တင် ရပ် ထား ပြီး ... Private လေယဉ် လေး တွေ ငှား ပြီး ပုံ မှန် ပျံ သန်း ရေး လုပ် ...တဖက် က လည်း စီး ပွား ရေး တစ်ခုခု ဆက် လုပ် .. ဒါမှ မ ဟုတ် စပွန်ဆာ ရှာ တဲ့ လူ က ရှာ ပေါ့ ......ငွေ ကြေး စု မိ ဆောင်း မိ ပြီ ဆို မှ .. ရှေ့ တဆင့် ဆက် တက် မယ် ဆို တဲ့ လူ မျိုး လဲ ရှိ သလို  ကိုယ် ပိုင် လေ ယဉ် ဘဲ မောင်း မှာ မို့ လို့ မ လို တော့ လို့ ဆက် မ တက် တော့ တဲ့ လူ မျိုး လဲ ရှိပါ တယ် .။ ဆက် တက် မဲ့ လူ တွေ က လည်း . CPL သက် သက် ဘဲ ဆို ရင် ..စုစု ပေါင်း နာ ရီ .. ၁၇၀ ရှိ ရ မှာ မို့ လို့ .. ၁၂၀ နာရီ လောက် ဆက် တက် ရ မှာ ပါ ။ အ ကယ် ၍ တခါ တည်း အဲလိုင်း အ လုပ် လျောက် လို့ ရ အောင်  CPL/ IR  အထိ တက် မယ် ဆို တဲ့ မောင် တွေ က တော့ .စက် တစ် လုံး တပ် လေ ယဉ် ၁၂၀ နာ ရီ နဲ့ .. စက် ၂ လုံး တပ် လေ ယဉ် .. ၃၀ နာရီ ..ပေါင်း ၁၅၀ လောက် ဆက် တက် ရ မှာ ပါ ။ အဲဒါ က လည်း ပျံ သန်း ရေး သက်သက် ကို ပြော တာ ပါ ။ အခြား မြေ ပြင် ဘာ သာ ရပ် တွေ လည်း သတ် မှတ် ချက် အ တိုင်း သင် ကြား ဖြေဆို နေ ရ အောင် မြင် ရ မှာ ပါ ။ IR ဆို တာ က တော့ Instrument Rating ပါ ။ ချိန် ခွက် ဖြင့် ပျံ သန်း ခွင့် ပြု တဲ့ သတ်မှတ် ချက် ပါ ။

-- နောက် တစ် မျိုး က တော့ Frozen ATPL ပါ ။ သဘော က တော့ မြေပြင် ဘာ သာ ရပ် ပိုင်း ဖြေဆို အောင် မြင် မှု အာ ဖြင့် .ATPL အထိ အောင် ပြီး ပြီ ၊ ပျံသန်း ရေး အား ဖြင့်  CPL / IR အထိ ပြီး ပြီ ဆို တဲ့ အဓိပ္ပါယ် ပါ။ အဲဒီ မောင် တွေ အ တွက် က တော့ လုပ် ငန်း ခွင် ထဲ ရောက် မှ နာရီ ၁၅၀၀ ပြည့် ပြီး ၊ အလေးချိန် ကီလို ၅၇၀၀ အ ထက် လေယဉ် ကို မောင်း ပြီး ဖြစ်တာ နဲ့ ATPL တခါ တည်း လျောက် ထား လို့ ရ သွား ပါတယ် ။ ATPL အတွက် စာ မေးပွဲ ထပ် ဖြေစရာ မလို တော့ ပါ ဘူး။ကျွန် တော် နည်းပြ လေယဉ် မှူး လုပ် နေ တဲ့ ကျောင်း က တော့ .. Frozen ATPL အထိ တက် လို့ ရ ပါ တယ်။

-- ဆိုခဲ့ တာ တွေ က တော့ အကြမ်း ဖျင်း သဘော ဆန် တဲ့ လိုင် စင် ဆိုင် ရာ အချက် က လေး တွေ ပါ ။ အခြား Endorsement .. အန် ဒေါစ် မန့်   လို့ ခေါ် တဲ့ ၊ ထပ် ထဲ့ပေး ရ တဲ့ ဟာ လေး တွေ လည်း ရှိ ပါ သေး တယ် ။ အဲဒါ တွေ က တော့ လေယဉ်မှူး .အဖြစ် (.သို့) ဒု လေယဉ် မှူး အဖြစ် .. ဘယ် လေယဉ် ဘယ် လေယဉ် တွေမှာ မောင်း ခွင့် ရှိ တယ် ..လက် ထောက် နည်း ပြ အဖြစ် .(သို့) နည်းပြ အ ဖြစ် ဘယ် လေယဉ် ဘယ် လေယဉ် တွေ မှာ မောင်း ခွင့် ရှိ တယ် ..အဲ ဒါ တွေ ရဲ့ သက် တမ်း တွေ က ဘယ် ရက် ဘယ် နေ့ မှာ ကုန် မယ် ..။ ဆေး စစ် ထား တဲ့ ရက် စွဲ နဲ့ ဘယ် တော့ သက် တမ်း ကုန် ပြီး ထပ် စစ် ရ မယ် ။ လေကြာင်း ဆိုင် ရာ အင်္ဂလိပ် စာ အောင် ထား တဲ့ အဆင့် က ၄ လား ၅ လား ၆ လား ။ သက် တမ်း ဘယ် တော့ ကုန် မ လဲ .. ဘယ် အချိန် မ တိုင်မှီ ထပ် ဖြေရ မလဲ ။ အဲဒီ လေကြောင်း အင်္ဂလိပ် စာ က တော့ ..အဆင့် ၁ တို့ ၂ တို့ ၃ တို့ ဆို ရင် လိုင် စင် ထုပ် ယူ ခွင့် ကို မ ရှိ တာ ပါ ။ ဒါ အပြင် ရေဒီပယို အော် ပ ရေ တာ လိုင်စင် ပါ ရ ပါ သေး တယ်။ နောက် ပြီး ချိန်ခွက် ပျံသန်း ခွင့် လက် မှတ် နဲ့ နောက် ဆုံး စစ် ဆေး ထား တဲ့ ရက် စွဲ ..ဘယ် တော့ သက် တမ်းကုန် ပြီး ထပ် စစ် ရ မယ် ဆို တာ တွေ ပါ ပါ တယ် ။


Tags : လိုင်

+ 0 - လိုင် စင် တွေ ........

In Uncategorized on February 2, 2011 at 04:17

+ 1 - နိဒါန်း လေး ပေါ့ ......

In Uncategorized on February 2, 2011 at 04:03

ကောင်းကင် ပြာ နဲ့ မှတ်စု လေး များ ......ကိုယ် ဖာ သာ ပေး ထား ကြည့် တဲ့ ဘလော့ နာမည် လေး ပေါ့ .....အဓိက ကတော့ ... မှတ်စု မှတ် တမ်း လေး တွေ တင်ထား ချင့် လို့ ပါ .....စာ တို ပေ စ လေး တွေ ဖတ် တာ က တော့ ငယ်စဉ် က တည်း က ပါ ပဲ ....အဲ ဒီ က တည်း က သူ တို့ လို စာ ရေး တတ်သူ ..စာ ရေး သူ ......ဖြစ် ချင် နေ ပါ တယ် ...အ ခု ကြ တော့ အွန် လိုင်း ဆို တာ ကြီး နဲ့ တည့် တည့် တိုး မှ ပဲ .... လူ အ တော် များ များ ရေး နေ ကြ တာ တွေ ပါ တယ် .... အား လုံး လို လို အ ရည် အ ချင်း တွေ က မ သေး လှ ပါ ဘူး .....အဲ ဒါ နဲ့ ပဲ .. စ တင် လုပ် ကြ ည့် ဖို့ ဆုံး ဖြတ် ပြီး တင် ကြည့် တာ ပါ .....အမှား ပါ ရင် လဲ ပြင် ပေး ကြ ပါ ဗျား .....


Tags : နိဒါန်း - လေး

+ 0 - Hello World

In Uncategorized on February 2, 2011 at 03:56

Welcome to Floating blog System. This is your first post. Edit or delete it and start blogging!

Floating Blog system is a new generation for blogging and give you easy-to-use tools for posting your text, photos, voice and videos to your blog with floating templates .

Floating Blog system is trying to pass from classic blogging to floating blogging. Our system looks like the classic systems at first but after a few months blogging with us you will find how you can use our floating features for more professional blogging.

Blog Labels

Platted Hairstyles For Men
The basic purpose of any hairstyle should be to add liveliness and create an effect.
www.lastsee.com